-->

02 July 2013

0 ကျေးဇူးလည်းတင်ဖူးစာရှင်ရေ


တွေ့ဆုံခဲ့ရဒီအွန်လိုင်း

ရပ်ဝေးမြေခြားတို့ဘဝများ

ကောင်းဆိုးဆုံရာအွန်လိုင်းမှာ

အချစ်အတွက်တို့စာဖွဲ့လို့

ကဗျာတစ်ပုဒ်ထုတ်နူတ်လို့ရေး၊

အဖွင့်စကားပြောကြားရင်းလေ

ကျေးဇူးလည်းတင်ဖူးစာရှင်ရေ

တို့တွေစုံစည်းဖူးစာဖက်သို့

ပေါင်းဖက်ပေးသောဝက်ဆိုဒ်လေးဆီ

တို့လှမ်းချီဤသည်မည်ကား

ရွှေမြို့တော်တည်း၊

တို့တွေစုပေါင်းကောင်းကျိုးကိုလုပ်

ဘဝအရေးမျှော်ကာတွေးရင်း

ပရဟိတကူကာပေးလို့ဝေမျှကာရယ်

ကျေးဇူးရှိသောမြှားနတ်မောင်ဆိုဒ်လေးရေ

တို့လည်းလက်တွဲပေါင်းစည်းလိုပါတယ်။


                                                                (ကျနော်နဲ့မမခရေရွှေမြို့တော်မှစတွေ့ခဲ့တာပါ)

                                                                               လေးစားလျက်ပါသယ်ရင်းတို့

                                                                                        အည တရလူသား

01 July 2013

0 မာန

မာန...

လူနှစ်ဦး စိတ်ချင်းနီးစပ် ဘဝချင်းထပ်

ပေါင်းစည်းဖို့ အတွက်

နားလည် မှုလို တယ်။

သာယာတယ့် အိမ်ထောင်ရေး

ဖြစ်တည်ဖို့ အတွက်

ခိုင်မာတယ့် အချစ်လို တယ်။

ပြည့်စုံတယ့် မိသားစု

တည်ဆောက်ဖို့ အတွက်

မပြောင်းလည်းတယ့် သစ္စာ တရားလိုတယ်။

ချစ်သူ နှစ်ဦး ရှည်ကြာတယ့်

ချစ်ခြင်း မျိုး ရရှိဖို့ အတွက်

ထားရှိတယ့် မာနတွေ

ဘေးကို လွှင့်ပစ်ဖို့ 

လိုအပ်ပါလိမ့်မယ်။

ခရေ
( ကြိုးစားပါအုံးမည်)
၁ ရက် ၊ဇူလိုင်လ ၊ ၁၃ ခု
စာဖတ်သူများအား လေးစားလျှက်..

0 မောင့် ကို ချစ်လို့ ပါ။

အချစ် နဲ့ ပါတ်သက်ရင်...

ကျွန်မ မှာ ရှိတယ့် မာနတွေ ခဝါချလို့ 

ပြောသမျှ နားထောင် ခေါင်းညိတ်ခဲ့တာ

မောင့် ကို ချစ်လို့ ပါ။

ဘယ်အရာမဆို ထိုင်ဆိုထိုင်

ထဆိုထ ကလေးတယောက်ပမာ

ပြန်မပြောပဲ လိုက်နာခဲ့တာ

မောင့်  ကိုချစ်လို့ ပါ။

ဘာပြော ဘယ်လိုဆူဆူ

ငြိမ်သက်လို့  နားထောင် ရှင်းပြခဲ့တာ

မောင့်  ကိုချစ်လို့ ပါ။

မောင့် ကြောင့်ကျတယ့် မျက်ရည်

မောင့်  ကြောင့် လွမ်းရတယ့် အလွမ်း

မောင့် ကြောင့် ပျော်ရွှင်ရတယ့် အပျော်

မောင့် ကြောင့် ခံစားရတယ့် ခံစားမှု

ဒါတွေ အားလုံး ကျေနပ်စွာ ခံယူနေခဲ့တာ

မောင့် ကို ချစ်လို့ ပါ။

ခရေ
( ကြိုးစားပါအုံးမည်)

၁ ရက် ၊ဇွန် လ ၊ ၁၃ ခု
စာဖတ်သူများအား လေးစားလျှက်..

0 နင့် ကြောင့်ပါ ချစ်သူ ...

နင့် ကြောင့်ပါ.........

ချစ်သူ..

နေ့ စဉ်မပြတ် ကဗျာတွေ ရေးသီ

မမောမပန်း စာတွေစီနေတာ နင့် ကြောင့်ပါ။

ဖေ့ဘွက်ကို တက် စတေးတပ်တွေတင်

အမြဲ တပ်လုပ်လို့  စကားတွေ ရှယ်နေတာ

နင့်  သိစေချင်လို့ ပါ။

ပျော်ရွှင် ဖွယ်ရာ ကွန် မန့် တွေက

နင် ပေးခဲ့တယ့် မှတ်ချက်တွေ ကြောင့်ပါ။

မကြာ ခဏ မေးဟောင်းတွေကြည့်

တယောက်တည်းပြုံးလို့ 

ကြည်နူးနေမိတာ နင့် ကြောင့်ပါ။

နင် ပေးတယ့် သံယောဇဉ်

နင် ယူလာတယ့် ချစ်ခြင်းတရား

နင် ထိမ်းသိမ်းခဲ့တယ့် ကြင်နာမှု

နင် ပေးဆပ်ခဲ့တယ့် ယုယမှု

နင် ထားသွားခဲ့တယ့် တစ်နေ့ 

ငါ ဘယ်တော့မှ မမေ့လို့ 

နင် နဲ့ ခင်မင် သိကျွမ်းခဲ့တယ့် ဒီနေ ရာ

ဒီ လိုင်းပေါ်လေးမှာ


မီးစိမ်းလေး မပျောက်

လာနိုးငယ်လို

မျှော်လင့်နေမိမယ့်သူပါ။

25 June 2013

0 ကျေးဇူးပါ.


ကျေးဇူးတင်ပါတယ်. ချစ်သူ.

မနက်မိုးသောက်တိုင်း အချိန်မှန် စကားတွေပြောနေတာ
ချစ်လို့ ပေါ့နော်.

တစ်ခုခုဆို စိတ်ပူစွာ နဲ့  ဆုံးမနေတတ်တာ
ချစ်လို့ ပေါ့နော်.

ဘယ်အချိန်မဆို မအားတာတောင် လိုင်းပေါ်တတ်လာတာ
ချစ်လို့ ပေါ့နော်.

အလုပ်တွေများလည်း မတ်စေ့ လေးပို့  အလေးထားတတ်တာ
ချစ်လို့ ပေါ့နော်.

ဘာလိုလို နဲ့  အချိန်တွေ တိုက်စားလို့ 
ရက်လတွေ ပြောင်း နာရီတွေလည်း ကုန်ဆုံးတာ
ခုဆို ခုနစ်လ အချိန်တောင်ရောက်တော့မပေါ့.

ရက်ပေါင်း နှစ်ရာကျော် မပြတ် အကြင်နာပေး
ချစ်ခွန်းတွေဆို စိုးရိမ်ပို လို့ ဂရုစိုက်
ချစ်ကြိုးတွေနဲ့ ချည်နှောင် သံယောဇဉ်တွေ ရစ်ပတ်
မေ့ အတွက် အားအင်တွေ ဖြစ်တည်စေတယ့်
မောင့်ကို ကျေးဇူးတင်ပါတယ်...
                                                              ခရေ
                                                     ( ကြိုးစားပါအုံးမည်)